လူ့ခန္ဓာကိုယ်မှာ ဗီတာမင် စီပြည့်ဝဖို့ ဘာကြောင့်လိုအပ်တာလဲ?

လူ့ခန္ဓာကိုယ်မှာ ဗီတာမင် စီပြည့်ဝဖို့ ဘာကြောင့်လိုအပ်တာလဲ?
ဒါဆိုရင် ဗီတာမင် စီရဲ့ကောင်းကျိုးတွေကို ကြည့်လိုက်ရအောင်…
ဗီတာမင် စီဓာတ်ပြည့်ဝနေမယ်ဆိုရင်

– အသားအရေ တင်းရင်းလှပစေခြင်း
– အရွယ်တင်နုပျိုခြင်း
– အရိုးဖွဲ့စည်းမှု အားကောင်းစေခြင်း
– ကိုလက်စထရော ကျစေခြင်း
– ကင်ဆာရောဂါဖြစ်ပွားမှုကို ဟန့်တားပေးနိုင်ခြင်းတို့အပြင် ကိုယ်ခံအားကောင်းစေပြီး ရာသီပေါ်တုပ်ကွေးများနဲ့ ရောဂါပိုးများကိုလည်း ကင်းစင်စေလို့ အခုလိုကာလမျိုးမှာ ဗီတာမင် စီပါဝင်တဲ့ အစားအသောက်များ/ဆေးဝါးများကို ဆေးညွှန်းအတိုင်း လိုအပ်သလောက် မှီဝဲသင့်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအသောက်များကတော့ လိမ္မော်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီး၊ မာလကာသီး၊ ဇီးဖြူသီး စတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေပဲဖြစ်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ဗီတာမင်ဓာတ်တွေ လွန်ကဲနေရင်လည်း ဘေးထွက်ဆိုးကျိူးတွေ များစွာရှိလို့ ချင့်ချိန်ပြီး မှီဝဲကြဖို့ အရေးကြီးပါတယ်။