ဘိုးဘိုးဘွားဘွားတို့ သက်ရှည်ကျန်းမာဖို့

အသက်(၆၀)နဲ့အထက် သက်ကြီးပိုင်းအရွယ် ရောက်လာပြီဆိုတာနဲ့ ငယ်စဉ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘဲ ထိုင်းမှိုင်းလေးလံလာတတ်ပါတယ်။ အဲ့ဒါကြောင့် ဘိုးဘိုး ဘွားဘွားတို့လို သက်ကြီးပိုင်းအရွယ်တွေဟာ ကျန်းမာရေးကို အထူးလိုက်စားဖို့လိုအပ်ပါတယ်။
သက်ကြီးပိုင်းအရွယ်ဖြစ်လို့ လူငယ်တွေလို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ လူကြီးတွေအနေနဲ့ ဒီလေ့ကျင့်ခန်းများကို ကိုယ်လုပ်နိုင်သလောက် နေ့စဉ်ပုံမှန်လုပ်သွားမယ်ဆိုရင်
  • အရိုးအဆစ်များ သန်မာခြင်း
  • ကြွက်သားများ အားကောင်းခြင်း
  • သွေးတိုးနှင့် ဆီးချိုထိန်းနိုင်ခြင်း
  • အမောခံနိုင်ခြင်းတို့အပြင် ကိုယ်ခံအားစနစ်လည်း ပိုမိုကောင်းမွန်စေပြီး သက်ရှည်ကျန်းမာတဲ့ ဘဝသက်တမ်းကို ပိုင်ဆိုင်နိုင်မှာပါ။