ရောဂါပိုးမကူးစက်အောင်ဘယ်လိုနေထိုင်မလဲ

ကိုဗစ်ရောဂါပိုးဟာ လူတစ်ဦးချင်း ထိတွေ့ဆက်ဆံရာမှ ကူးစက်တတ်ရုံသာမကဘဲ အသက်ရှူလမ်းကြောင်းထဲကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့်လည်း ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အတည်ပြုထားပြီးဖြစ်တာကြောင့်
မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကာကွယ်ဖို့ Mask တွေ၊ Face Shield တွေ တပ်ဖို့လိုအပ်တာဖြစ်ပါတယ်။
Mask တပ်တဲ့နေရာမှာလည်း နည်းမှန်၊ လမ်းမှန် တပ်ဖို့လိုအပ်တာကြောင့် Mask တပ်နည်း အမှန်နဲ့အမှားများကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။