powder1
powder2
powder3
previous arrow
next arrow
powder1
powder2
powder3
previous arrow
next arrow
  • Medicine with Time-tested & trusted Efficacy since 1946.
  • Quality assured by the use of WHO GMP practices, high quality raw materials & modernized equipments.
  • Safety assured by various tests done at In-house laboratory & reliable outsource laboratories to ensure products are free from harmful substances & microbial contamination.
  • ၁၉၄၆ ခုနှစ်မှစတင်၍ ယနေ့ထက်တိုင် ယုံကြည်စိတ်ချစွာ သုံးစွဲလာသော ဆေးအာနိသင်။
  • အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများနှင့် ခေတ်မှီစက်ကိရိယာများကို အသုံးပြုထားပြီး WHO GMP နည်းစနစ်များအတိုင်း ထုတ်လုပ်ထားသော အရည်အသွေး စိတ်ချရမှု။
  • အန္တရာယ်ရှိနိုင်သောပစ္စည်းများ၊ ပိုးမွှားများ ပါဝင်မှုမရှိကြောင်းကို ကိုယ်ပိုင်ဓါတ်ခွဲခန်းများ၊ ပြင်ပဓါတ်ခွဲခန်းများတွင် အဆင့်ဆင့် စမ်းသပ်စစ်ဆေးထားသဖြင့် ယုံကြည်ရသော ဘေးကင်းစိတ်ချရမှု။

Ingredients

Each 23 g powder contains Acorus calamus, Sophora exigua, Alpinia galanga, Sulphur, Cyperus scariosus, Sapium baccatum, Plumbago rosea, Ferula asafoetida, Nigella sativa, Gentiana kurroo, Zingiber officinale, Piper longum, Kaempferia pandurata, Vitex trifolia, Potassium nitrate, Leptadenia reticulata, Piper nigrum, Allium sativum (1.28g each)

Indication & Dosage

• For Weakness, Pain, Heaviness, Tingling and Numbness sensation of muscles, body and limbs, Inability to move limbs correctly – Mix powder with Lime Juice or Sesame Oil or Balm, apply to the affected area, massage lightly. (1 to 3 times per day)

• For facial asymmetry and slurring of speech – Mix powder with Lime Juice or Sesame Oil, apply on check by pulling to opposite side of asymmetry, (1 to 3 times per day)

• For Indigestion and bloating – Mix powder with balm, apply on abdomen. (1 to 3 times per day)

Remark

Rehabilitation can be time-consuming. Follow the instructions below to quicken the recovery process

  • Using “U Tha Yin Medicated Powder” regularly
  • Using “U Tha Yin Traditional Medicine for Body Homeostasis” in combination
  • Taking Physiotherapy exercises with Professional Physiotherapist

Contraindication

Contraindicated in patients with known hypersensitivity to Sulphur or any other ingredients.

Caution

Do not use Lime Juice for mixing if the patient has fever. Do not use Balm for mixing for application on face. External Use only. Apply only to intact skin and not to open wounds or injuries.

Side effects

No known side effects expect hypersensitivity.

Storage

Store in a cool, dry place. Tightly recap after using.

Packing

23 g powder bottle

ပါဝင်သောဆေးပစ္စည်းများ

ဆေးမှုန့် (၂၃ – ဂရမ်)လျှင် လင်းနေ၊ ပညာလင်္ကာ၊ ပတဲကော၊ ကန့်၊ နွားမြေရင်း၊ အော်လဲ၊ ကန့်ချုပ်နီ၊ ရှိန်းခို၊ စမုန်နက်၊ ဆေးပုလဲ၊ ချင်း၊ ပိတ်ချင်းသီး၊ ဆိပ်ဖူး၊ ကြောင်ပန်းလေး၊ ယမ်းစိမ်း၊ ဂုံခါး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ (၁.၂၈ – ဂရမ်) စီပါဝင်သည်။

သုံးစွဲနိုင်သောရောဂါများနှင့် သုံးစွဲရန်ဆေးပမာဏ

  • လေငန်းရောဂါကြောင့်ကြွက်သားများအားနည်းခြင်း၊ ကိုယ်တစ်ခြမ်းလေးလံခြင်း၊ မလှုပ်နိုင်ခြင်း၊ ခြေလက်များထုံကျဉ်လေးလံကိုက်ခဲခြင်း၊ လှုပ်ရှားမှုများပုံမှန်မဖြစ်ခြင်း စသည်တို့အတွက် ဆေးမှုန့်ကို သံပုရာရည်(သို့)နှမ်းဆီ(သို့)ပရုတ်ဆီ(သို့)နံ့သာဖြူ၊ တောင်တန်ကြီးတို့ဖြင့်ရော၍ ဆုပ်နယ်လိမ်းပေးပါ။ လိမ်းပြီးအအေးမခံရ။ (တစ်နေ့ ၁ကြိမ်မှ ၃ကြိမ်)
  • လေငန်းရောဂါကြောင့် ပါးရွဲ့ခြင်း၊ စကားပီသစွာမပြောနိုင်ခြင်းများအတွက် ဆေးမှုန့်ကို သံပုရာရည်(သို့) နံ့သာဖြူ၊ တောင်တန်ကြီးတို့ဖြင့် ဖျော်၍လိမ်းပေးပါ။ ဆေးလိမ်းလျှင် ပါးရွဲ့သောမျက်နှာဘက်အခြမ်းနှင့် ဆန့်ကျင်ဘက်သို့ ဆွဲ၍လိမ်းရန်။ (တစ်နေ့၁ကြိမ်မှ ၃ကြိမ်)
  • လေထိုးလေအောင့်၊ လေရောဂါများကြောင့် ဗိုက်အောင့်ခြင်းတို့အတွက် ဆေးမှုန့်ကို ပရုတ်ဆီနှင့်ဖျော်၍ဝမ်းဗိုက်ကိုလိမ်းပေးပါ။ လိမ်းပြီးအအေးမခံရ။ (တစ်နေ့၁ကြိမ်မှ၃ကြိမ်)

မှတ်ချက်

လေငန်းရောဂါကြောင့်ဖြစ်သောဝေဒနာလက္ခဏာများသည် သက်သာပျောက်ကင်းရန်အတွက် အချိန်ကြာမြင့်နိုင်ပါသည်။ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ပါက ဝေဒနာလက္ခဏာများ ပိုမိုလျင်မြန်စွာ သက်သာနိုင်မည်ဖြစ်သည်။

  • ဦးသာရင်၏နဂါးအမှတ်တံဆိပ် လေငန်းလိမ်းဆေးမှုန့်ကိုပုံမှန်အသုံးပြုခြင်း
  • ဦးသာရင်၏နဂါးအမှတ်တံဆိပ် လေငန်းဆေးပြားကိုတွဲဖက်သောက်သုံးခြင်း
  • ကျွမ်းကျင်လေ့ကျင့်ခန်းပညာရှင်များဖြင့် လေ့ကျင့်ခန်းများ တွဲဖက်ပြုလုပ်ခြင်း

တားမြစ်ချက်

ကန့်(Sulphur)နှင့် ဓါတ်မတည့်သူများ(သို့) ပါဝင်ပစ္စည်းတစ်ခုခုဖြင့် ဓါတ်မတည့်သူများ သုံးစွဲရန်မသင့်ပါ။

သတိပြုရန်

အဖျားရှိသောလူနာများအတွက် ဆေးမှုန့်ဖျော်လျှင် သံပုရာရည်မသုံးရ။ မျက်နှာပေါ်တွင်လိမ်းရန်အတွက် ဆေးမှုန့်ဖျော်လျှင်ပရုတ်ဆီမသုံးရ။ ပြင်ပလိမ်းရန်အတွက်သာ။ ထိခိုက်ပြတ်ရှနာ (သို့) ဒဏ်ရာများပေါ်တွင်မလိမ်းရ။

ဘေးထွက်ဆိုးကျိုး

ဓာတ်မတည့်ခြင်းမှလွဲ၍ အခြားသိရှိထားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သိမ်းဆည်းပုံ

အေး၍လေလုံခြောက်သွေ့သောနေရာတွင်ထားပါ။ အသုံးပြုပြီးနောက် အဖုံးကို လုံအောင်သေချာစွာ ပြန်ပိတ်ပါ။

ထုတ်ပိုးပုံ

လိမ်းဆေးမှုန့် (၂၃ – ဂရမ်) ပါဝင်သောဆေးဘူး