နေထိုင်မှုပုံစံအသစ်နဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းဖို့

အခုဆိုရင် တစ်နိုင်ငံလုံး New Normal Lifestyle နဲ့ အသားကျအောင် နေထိုင်ကြရပြီဖြစ်ပါတယ်။ ဒီ နေထိုင်မှုပုံစံအသစ်နဲ့ ပြောင်းလဲဖြတ်သန်းရတဲ့ကာလအတွင်း မဖြစ်မနေ အပြင်ထွက်ရတဲ့အခါ မိမိကျန်းမာရေးအတွက် Safe ဖြစ်အောင် ဘာတွေ လိုက်နာလုပ်ဆောင်ဖို့လိုလဲဆိုတာ မျှဝေပေးချင်ပါတယ်။
  • မျက်နှာကို မကြာခဏ ပွတ်သပ်ကိုင်တွယ်ခြင်း မလုပ်ပါနဲ့။
  • လက်ကိုစနစ်တကျ စင်အောင် ဆေးကြောပါ။
  • လူသူကြားထဲ နှာစေး/ချောင်းဆိုးတိုင်း လက်နဲ့ အုပ်ခြင်း၊ တံတောင်နဲ့ကာခြင်းတို့ကို မဖြစ်မနေပြုလုပ်ပါ။
  • လူတစ်ယောက်နဲ့တစ်ယောက် (6)ပေအကွာမှာ နေပါ။
  •  အပြင်ထွက်တိုင်း Mask, Face Shield, Hand Gel/ Hand Sanitizer တို့ ဆောင်ထားဖို့ မမေ့ပါနဲ့။
Covid 19 ရောဂါပိုးဟာ အတားအဆီးမရှိ ပျံနှံ့နေသေးတာဖြစ်လို့ New Normal Lifestyle နဲ့ ဖြတ်သန်းနေရတဲ့ ကာလအတောအတွင်းမှာလည်း မိမိနဲ့ မိမိ မိသားစု ကျန်းမာရေးအတွက် အထက်ပါအချက်များကို မဖြစ်မနေလိုက်နာလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။