လေဖြတ်ရောဂါအမျိုးအစား
![](/wp-content/uploads/2020/09/bline2.png)
![](https://www.uthayin.com/wp-content/uploads/2020/11/UTY-2-600x600.jpg)
ဦးနှောက်သွေးကြောတွင်း ပြောင်းလဲမှုများပေါ်မူတည်ပြီး လေဖြတ်ရောဂါ အမျိုးအစား(၂)မျိုးရှိပါတယ်။
(၁) ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း
(၂) ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းဆိုသည်မှာ
– ဦးနှောက်အတွင်းရှိ သွေးကြောငယ်များကျဉ်း၍ ပိတ်ခြင်း
– နှလုံးနှင့် သွေးလွှတ်ကြောများထဲမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်းတို့ဖြစ်ပါတယ်။
ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းဆိုသည်မှာ
– ဦးနှောက်အတွင်းရှိ သွေးကြောနံရံများ ပျက်စီးခြင်း၊
– သွေးကြောဖောင်းခြင်း၊ သွေးကြောထုံးခြင်းတို့ကြောင့်
– ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ပြီး လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။